တိုင်ဖုန်းမုန်တိုင်း Nalgae ဖိလစ်ပိုင်ကို ဖြတ်ကျော်

(GMT+08:00)2022-10-31 17:25:47  

အောက်တိုဘာလ ၃၀ ရက်နေ့က ဖိလစ်ပိုင်အစိုးရမှ ထုတ်ပြန်သော ဗီဒီယိုအရ တိုင်ဖုန်းမုန်တိုင်း Nalgae သည် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ပြီးနောက် Luzon ကျွန်း Cavite သင်္ဘောတည်ဆောက်ရေးစက်ရုံတွင် ဆိုက်ကပ်နေသော စစ်သင်္ဘော ၃ စင်း နစ်မြုပ်သွားခဲ့ပါသည်။ ဖိလစ်ပိုင်ရေတပ်သည် သင်္ဘောနစ်မြုပ်ခြင်းကို အတည်ပြုခဲ့ပါသည်။ သင်္ဘောနစ်မြုပ်ခြင်းကြောင့် လူသေကျေအနာတရဖြစ်မှု မရှိကြောင်း ဖိလစ်ပိုင်ရေတပ်က ပြောကြားခဲ့ပါသည်။

ထိုနေ့တွင် ဖိလစ်ပိုင်နိုင်ငံတော်ဘေးအန္တရာယ်လျှော့ချရေးကော်မရှင်မှ ထုတ်ပြန် သော သတင်းအရ ယခုနှစ် အမှတ် ၂၂ တိုင်ဖုန်းမုန်တိုင်း Nalgae ကြောင့် ဖိလစ်ပိုင်နိုင်ငံ တွင် သေဆုံးသူဦးရေ အယောက်၉၈ အထိ တိုးများလာပြီး ဒဏ်ရာရရှိသူ  ၆၉ယောက် ရှိကာ လူ ၆၃ ယောက် ပျောက်ဆုံးနေပါသည်။ ဘေးသင့်သူဦးရေ ၁၈သိန်းကျော် ရှိပြီး လူ ၁သိန်း၈သောင်းကို ဘေးကင်းရာဒေသသို့ ပြောင်းရွှေ့ပေးခဲ့ပါသည်။