ရှီကျင့်ဖိန်သည် တောင်ကိုရီးယားဆိုးလ်မြို့တွင် ဖြစ်ပွါးသော လူအုပ်ကြီးတိုးဝှေ့နင်းမိမှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတယွန်းဆက်ယွီထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2022-10-31 17:16:39  

ယခုလ ၃၀ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တောင်ကိုရီးယားဆိုးလ်မြို့တွင် ဖြစ်ပွါးသော လူအုပ်ကြီးတိုးဝှေ့နင်းမိမှုကြောင့် ကြီးမားသော လူသေကြေဒဏ်ရာရရှိမှုဖြစ်စေခြင်း            နှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတယွန်းဆက်ယွီထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က မိမိသည် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကို ကိုယ်စားပြုပြီး သေဆုံးသူများအတွက် အလေးအနက် ဝမ်းနည်းမိပြီး သေဆုံးသူများ၏ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများအား နှစ်သိမ့်အားပေးကြောင်း၊ ယခုအကြိမ်ဖြစ်ရပ်တွင် တရုတ်နိုင်ငံသားတစ်ချို့ သေဆုံးဒဏ်ရာရရှိစေခဲ့ပြီး တောင်ကိုရီးယားဘက်မှ ၄င်းတို့ကို ကုသရန်နှင့် နောက်ဆက်တွဲလုပ်ငန်းများကို တတ်နိုင်သမျှ ကြိုးပမ်းလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

       ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်တာခ်စူထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါသည်။