Itaewon လူအုပ်ကြီးတိုးဝှေ့နင်းမိမှုတွင် သေဆုံးသူ ၁၅၄ ဦးအထိ တိုးလာကြောင်း တောင်ကိုရီးယားရဲဘက်မှ ထုတ်ပြန်ကြေညာ

(GMT+08:00)2022-10-31 17:28:52  

ယခုလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအထိ၊ Itaewon လူအုပ်ကြီးတိုးဝှေ့နင်းမိမှုတွင် သေဆုံးသူ ၁၅၄ ဦးအထိ တိုးလာပြီး ၄င်းထဲတွင် အမျိုးသမီး ၉၈ ဦး၊ အမျိုးသား ၅၆ ဦး၊ နိုင်ငံခြားသား ၂၆ ဦးရှိကြောင်း၊ ထို့အပြင် လူ ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသစံတော်ချိန် ယခုလ ၃၀ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ် ရဲဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ယင်းသည် ၂၀၁၄ ခုနှစ်က Sewol ခရီးသည်တင်သင်္ဘော နစ်မြုပ်ခဲ့သည့် နောက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အဆိုးဝါးဆုံးသော အများပြည်သူ မတော်တဆမှုဖြစ်သည်ဟု သတင်းအရ သိရသည်။