အာကာသစခန်း Mengtian စမ်းသပ်ခန်းလွှတ်တင်ရေး လုပ်ငန်းသည် ပြီးပြည့်စုံသော အောင်မြင်မှုရရှိ

(GMT+08:00)2022-10-31 17:12:44  

      ပီကင်းစံတော်ချိန် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၃နာရီ၃၇မိနစ်တွင် အာကာသစခန်း Mengtian စမ်းသပ်ခန်းကို တင်ဆောင်လာသော Long March 5B Yao-4 ဒုံးပျံသည် တရုတ်နိုင်ငံ ဝင်ချန်းအာကာသလွှတ်တင်ရေးစခန်း၌ လွှတ်တင်ခဲ့ပြီး ၈ မိနစ်ခန့် အကြာတွင် Mengtian စမ်းသပ်ခန်းနှင့် ဒုံးပျံတို့ အောင်မြင်စွာ ခွဲထွက်ပြီး ကြိုတင် သတ်မှတ်ထားသော ပတ်လမ်းကြောင်းထဲသို့ တိကျစွာ ဝင်ရောက်နိုင်သောကြောင့် လွှတ်တင်ရေး လုပ်ငန်းသည် ပြီးပြည့်စုံသော အောင်မြင်မှုရရှိခဲ့ပြီ ဖြစ်သည်။