တောင်ကိုရီးယားသည် Itaewon လူအုပ်ကြီးတိုးဝှေ့နင်းမိမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်

(GMT+08:00)2022-10-31 17:29:27  

ရဲဘက်သည် လူ ၄၇၅ ဦးပါ Itaewon လူအုပ်ကြီးတိုးဝှေ့နင်းမိမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ လက်ရှိ မတော်တဆမှု ဖြစ်ပွားရာနေရာ၌ ကိုင်တွယ်ဖြေရှင်းမှု ပြီးဆုံးသွားခဲ့ပြီး မတော်တဆမှု ဖြစ်ပွားချိန်၌ အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ခဲ့ကြောင်း တောင်ကိုရီးယား ရဲဌာနဘက်မှ ယခုလ ၃၀ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

လူအုပ်ကြီး တိုးဝှေ့နင်းမိမှုဖြစ်ပွားရာ လမ်းမြောင်သည် အကျယ် ၃.၂ မီတာနှင့် အရှည် ၄၅မီတာခန့်ရှိ ဆင်ခြေလျှောဖြစ်ပြီး၊ မတော်တဆမှုဖြစ်ပွားချိန်တွင် လမ်းမြောင် တစ်ခုလုံး တွင် လူများနှင့်ပြည့်ကျပ်လျက်ရှိသည်ဟု တောင်ကိုရီးယားရဲဘက်မှ ဖော်ပြချက်အရ သိရသည်။