ဗြိတိန်နိုင်ငံ၏ သဘာဝဓာတ်ငွေ့သိုလှောင်မှုပမာဏသည် အသုံးပြုရန် ၉ ရက်သာ လုံလောက်သည်ဟု ဗြိတိန်မီဒီယာဖော်ပြ

(GMT+08:00)2022-10-31 17:23:33  

      ဗြိတိန်နိုင်ငံ၏ သဘာဝဓာတ်ငွေ့သိုလှောင်မှုပမာဏသည် အသုံးပြုရန် ၉ ရက်သာ လုံလောက်သည်ဟု ဗြိတိန် သဘာဝဓာတ်ငွေ့ကုမ္ပဏီက အောက်တိုဘာလ ၂၈ရက်နေ့ တွင် သတိပေးခဲ့ကြောင်း ဗြိတိန် The Mirror ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

လက်ရှိအချိန်တွင် ဂျာမနီ၏ ဓာတ်ငွေ့သိုလှောင်မှုပမာဏသည် အသုံးပြုရန် ၈၉ ရက် လုံလောက်ပြီး ပြင်သစ်က ၁၀၃ ရက် လုံလောက်ကာ၊ နယ်သာလန်က ၁၂၃ ရက် လုံလောက်မည်ဖြစ်ကြောင်း၊ ၄င်းတို့နှင့်နှိုင်းယှဉ်လျှင် ဗြိတိန်၏ လက်ရှိ ဓာတ်ငွေ့ သိုလှောင်မှုပမာဏသည် ဥရောပနိုင်ငံများတွင် အနည်းဆုံးသောနိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ဗြိတိန်သဘာဝဓာတ်ငွေ့ကုမ္ပဏီက ဖော်ပြခဲ့ပါသည်။

      ထို့ကြောင့် အဆိုပါဗြိတိန်စွမ်းအင်ကုမ္ပဏီကြီးသည် Yorkshire ကမ်းရိုးတန်းအနီးရှိ မြောက်ပင်လယ်(North Sea)အောက်တွင် တည်ရှိသော သိုလှောင်ရေးအဆောက်အဦကို ပြန်လည်ဖွင့်လှစ်အသုံးပြုမည်ဟု ကြေညာခဲ့ပါသည်။ ယင်းလုပ်ရပ်သည် ဗြိတိန်နိုင်ငံ၏ သဘာဝဓာတ်ငွေ့သိုလှောင်မှုပမာဏကို ၅၀ ရာခိုင်နှုန်း တိုးများစေမည်ဟု ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။