အာကာသစခန်း Mengtian စမ်းသပ်ခန်း မကြာမီတွင် လွှတ်တင်တော့မည်၊ အာကာသနှင့် မြေပြင်မှ ပြင်ဆင်မှုများကို ပူးပေါင်း ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီ

(GMT+08:00)2022-10-31 17:21:51  

       တရုတ် အာကာသစခန်းမှ တတိယအကြီးဆုံးသောအပိုင်းဖြစ်သည့် Mengtian စမ်းသပ်ခန်းကို လွှတ်တင်တော့မည်ဖြစ်သည်။ မြေပြင်ပေါ်က နည်းပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အာကာသထဲတွင်ရှိနေသော ရှင်ကျိုး အမှတ် ၁၄ အာကာသယာဉ်မှူးတို့သည် သက်ဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ပျံသန်းမှုထိန်းချုပ်ရေးအဖွဲ့သည်လည်း အစောပိုင်းက တပ်ဆင်ဖွဲ့စည်းလာသော အာကာသ စခန်းကို အဆင့်ညှိထိန်းချုပ်သဖြင့် အာကာသနှင့် မြေပြင်မှ ပြင်ဆင်မှုများကို ပူးပေါင်း ပြုလုပ်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ ယခုအကြိမ် Mengtian စမ်းသပ်ခန်းနှင့် အာကာသစခန်း  ချိတ်ဆက်မှုသည် တရုတ်အာကာသစခန်းပေါ်တွင် အာကာသယာဉ်မှူးများ နေထိုင်စဉ် အတောအတွင်း ဒုတိယအကြိမ်အာကာသချိတ်ဆက်မှုဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။