အပူပိုင်းမုန်တိုင်း Nalgae ကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ လူ ၄၈ ဦးသေဆုံး

(GMT+08:00)2022-10-30 16:41:18  

အပူပိုင်းမုန်တိုင်း Nalgae ကြောင့် သေဆုံးသူဦးရေမှာ ၄၈ ဦးအထိ တိုးလာသည့်အပြင် လူ ၄၀ ဦးဒဏ်ရာရရှိပြီး ၂၂ ဦးပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင် ဘေးအန္တရာယ် လျှော့ချရေးကော်မတီက အောက်တိုဘာလ ၃၀ ရက်နေ့ကပြောကြားသည်။ ဘေးသင့်သူ ဦးရေမှာ ၉၃၀၀၀၀ ကျော်ရှိပြီး ၃၆၀၀၀၀ ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ခန့်မှန်းထားသည်။ မျက်မှောက်အချိန်တွင် ဘေးသင့်ဒေသ၌ ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေလျက် ရှိကြောင်း China Media Group မှ သတင်းအရ သိရပါသည်။