China Media Group ၏ "ခရီးစဉ်သစ်၊ အေးအတူပူအမျှအသိုက်အဝန်း" တရုတ်ကွန်မြူနစ် ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာညီလာခံအကြောင်းမိတ်ဆက်ပွဲကို အာရှနိုင်ငံများ၌ ကျင်းပ

(GMT+08:00)2022-10-30 16:45:11  

   

 

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း China Media Group သည် တူရကီ၊ လာအို၊ ဖိလစ်ပိုင်၊ နီပေါ စသည့် အာရှနိုင်ငံများ၌ "ခရီးစဉ်သစ်၊ အေးအတူပူအမျှအသိုက်အဝန်း" တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာညီလာခံအကြောင်း မိတ်ဆက်ပွဲများကို ကျင်းပခဲ့ပါသည်။

နိုင်ငံအများအပြားဆိုင်ရာ တူရကီသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝါရင့်နိုင်ငံခြားရေး အရာရှိ Hakan Okcal က တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံရှိ ကျေးလက် ဆင်းရဲသား သန်း ၁၀၀ နီးပါးသည် ဆင်းရဲတွင်းမှလွတ်မြောက်ခဲ့ပြီး ပြည်သူများ၏ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာကာ ကမ္ဘာ့အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်၊ ကမ္ဘာ့စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်အတွက် အရေးကြီးသောပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားပါသည်။

လာအိုနိုင်ငံ Luangphabang ပြည်နယ် ကော်မတီဒုတိယအတွင်းရေးမှူး SuKanhBounyong က “Belt and Road” ကမ်းလှမ်းချက်သည် လာအိုနိုင်ငံအတွက် ကြီးမားသောဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ယူဆောင်လာကြောင်း၊ တရုတ်-လာအိုနှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်သော တရုတ်-လာအို မီးရထားလမ်း သည် လာအိုပြည်သူများအတွက် မြင်သာထင်သာရှိသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးကာ လာအို-တရုတ် အေးအတူပူအမျှအသိုက်အဝန်း၏ စိတ်ဓါတ်ကိုပေါ်လွင်စေပြီး လာအိုပြည်သူများ၏ ကောင်းမွန် လှပသော နေထိုင်မှုအပေါ် မျှော်မှန်းချက်ကို သယ်ဆောင်ထားကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံရေးဝေဖန်သုံးသပ်သူ Leomil Aportadera က နှစ် ၁၀၀ ကျော်သမိုင်းနှင့် နှစ်ပေါင်း ၇၀ ကျော် အာဏာရပါတီကြီးတစ်ခုအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီသည် ၄င်း၏ ကိုယ်ပိုင်ဖွံ့ဖြိုး တိုးတက်မှုကို အကောင်အထည်ဖေါ်ရုံသာမက ပိုအရေးကြီးသည်မှာ တရုတ်လူမျိုးများအား ကြီးမားသော အောင်မြင်မှုများကို ရရှိအောင် ဦးဆောင်ခဲ့သည်ဟု ယူဆပါသည်။