ကျန်းရှီးပြည်နယ် ဖူကျိုးတွင် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် နန်ဖုန်းထျောက်နိုအကကို ပြသ

(GMT+08:00)2022-10-30 16:51:46  

အောက်တိုဘာလ ၂၉ ရက်နေ့က ကျန်းရှီးပြည်နယ် ဖူကျိုးမြို့ နန်ဖုန်းခရိုင် ရှီယိုကျေးရွာရှိ နိုရှိန်ဘုရားကျောင်းအရှေ့တွင် အံ့သြဖွယ်ကောင်းသော နန်ဖုန်းထျောက်နိုအကကို ဖျော်ဖြေနေပြီး ရွာသူရွာသားများနှင့် ခရီးသွားများက ကြည့်ရှုနေကြသည်။ နန်ဖုန်းနိုအကသည် ပထမအသုတ် တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး သမိုင်းကြောင်း နှစ် ၂၀၀၀ ကျော်ရှိကာ တရုတ်ရိုးရာအက၏သက်ရှိရုပ်ကြွင်းဟုလူသိများသည်