ယူကရိန်းကို စားနပ်ရိက္ခာ လုံခြုံစွာ တင်ပို့မှု ကမ်းလှမ်းချက်ပါဝင်ခြင်းအား ရပ်ဆိုင်းရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား ရုရှားက တရားဝင်အကြောင်းကြား

(GMT+08:00)2022-10-30 16:50:31  

ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် Nebenzya က ဒေသစံတော်ချိန် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် ထံသို့ ရုရှားဘက်က စာတစ်စောင်ပေးပို့ခဲ့ရာ၊ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းကိုစားနပ်ရိက္ခာလုံခြုံစွာ တင်ပို့မှုကမ်းလှမ်းချက်အတိုင်း အရပ်သူအရပ်သားများ၏ သင်္ဘောများ၏ လုံခြုံမှုကို အာမခံပေးနိုင်မည် မဟုတ်ကြောင်း ၊ ထို့ကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့မှစပြီး ရုရှားဘက်သည် အဆိုပါစာချုပ်တွင် ၎င်း၏ပါဝင်မှုကို ရက်အကန့် အသတ်မရှိဘဲ ရပ်ဆိုင်းကြောင်း ပြောကြားပါသည်။