ရှီကျင့်ဖိန်သည် ရှန်ရှီးပြည်နယ်၊ ယန်အန်းမြို့နှင့် ဟိုနန်ပြည်နယ်၊ အန်းယန်မြို့သို့ လေ့လာကြည့်ရှုရာတွင် ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေး ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ရေးကို အလေးပေး ပြောကြား

(GMT+08:00)2022-10-30 20:25:51  

အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရှီကျင့်ဖိန်သည် ရှန်ရှီးပြည်နယ်၊ ယန်အန်းမြို့နှင့် ဟိုနန်ပြည်နယ်၊ အန်းယန်မြို့ရှိ ကျေးလက်ဒေသများ၊ စာသင်ကျောင်းများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဌာနများသို့ သွားရောက်ခဲ့သည်။

၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှီကျင့်ဖိန်သည် ရထားမှဆင်းပြီး ကားဖြင့် ယန်အန်းမြို့ အန်းစိုက်မြို့နယ် နန်ကုတ်ရွာသို့ သွားရောက်ခဲ့သည်။ ရှီကျင့်ဖိန်သည် ပန်းသီးစိုက်ပျိုးခြင်းနည်းပညာ၊ ခူးဆွတ်သည့် နည်းလမ်း၊ အမျိုးအစား အရည်အသွေး၊ ရောင်းဈေး၊ ရွာသားများ၏ ဝင်ငွေ၊ ပန်းသီးစိုက်ပျိုးခြင်းနှင့် အခြားစက်မှု လုပ်ငန်းများ မည်သို့ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အသေးစိတ်မေးမြန်းခဲ့ပြီး ရွာသားများက မေးခွန်းများကို တစ်ခုပြီး တစ်ခု ဖြေကြားခဲ့ကြသည်။

ယင်းနောက် ရှီကျင့်ဖိန်သည် ယန်အန်းအလယ်တန်းကျောင်း၏ ကျောင်ယွမ်ဇုန်သို့ ရောက်လာ ခဲ့သည်။ ယန်အန်းအလယ်တန်းကျောင်းသည် တရုတ်ကွန်မြူနစ်ပါတီမှ တည်ထောင်ခဲ့သော ပထမဆုံး အလယ်တန်းကျောင်း ဖြစ်သည်။ ကျောင်းစားသောက်ဆိုင်တွင် ရှီကျင့်ဖိန်က အသေးစိတ် စစ်ဆေးခဲ့ပြီး အစားအသောက်များ၏ ဈေးနှုန်းနှင့် အရသာအကြောင်း စားဖိုမှူးများအား မေးမြန်းကာ အရည်အသွေးကို သေချာစေရန်နှင့် သန့်ရှင်းမှုကို အထူးဂရုပြုကာ ကျောင်းသားများ သက်သောင့်သက်သာ စားသုံးနိုင်စေရန် မှာကြားခဲ့သည်။

၂၈ ရက်နေ့တွင် ရှီကျင့်ဖိန်သည် ဟိုနန်ပြည်နယ်၊ အန်းယန်မြို့ရှိ ဟုန်ချီ တူးမြောင်း အမှတ်တရ ခန်းမနှင့် ယင်ရှူခေါ် ရှန်းမင်းဆက်မြို့တော် ပျက်စီးရာနေရာတို့ကို လေ့လာကြည့်ရှုခဲ့သည်။