ဒုံးပျံအပါအဝင် အမျိုးမျိုးသော လေယာဉ် ၁၅ စင်းတို့သည် နန်ကင်းအာကာသနှင့် လေကြောင်းတက္ကသိုလ်၌ အခြေချ

(GMT+08:00)2022-10-30 16:42:24  

 ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ နန်ကင်းအာကာသနှင့် လေကြောင်းတက္ကသိုလ်၌ Qizhi-Yufeng အကြီးစားပစ္စည်းအခြေချ အခမ်းအနား၊ အာကာသနှင့် လေကြောင်းဆိုင်ရာပညာပေးရေးနှင့်  လေ့ကျင့်ရေးစခန်းဖွင့်ပွဲ အခမ်းအနား ကို ကျင်းပခဲ့သည်။

မြောက်ကိုရီးယားကိုထောက်ပံ့ကူညီပြီး အမေရိကန် ကျူးကျော်သူများကို တိုက်ခိုက်ခဲ့သည့်

MiG အမှတ် ၁၅ တိုက်လေယာဉ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတည်ထောင်ပြီးနောက် ကိုယ်တိုင်ထုတ်လုပ်သည့် ပထမဆုံးလေယာဉ်ဖြစ်သည့် Chujiao အမှတ် ၅ လေယာဉ်၊ ပထမဆုံးသော ပစ်မှတ် မောင်းသူမဲ့လေယာဉ်ဖြစ်သည့် Changkong အမှတ် ၁ လေယာဉ်နှင့်
Long March အမှတ် ၄ သယ်ဆောင်ဒုံးပျံ စသည့် အမျိုးမျိုးသော လေယာဉ်စုစုပေါင်း ၁၅ စင်းတို့သည် တရားဝင် အခြေချကြောင်း China Media Group မှ သတင်းအရ သိရပါသည်။