သမ္မတ ယွန်းဆက်ယွီသည် Itaewon လူအုပ်ကြီး တိုးဝှေ့နင်းမိမှုနှင့်ပတ်သက်ပြီး ပြည်သူများအား ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြား

(GMT+08:00)2022-10-30 16:47:29  

ဒေသစံတော်ချိန် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယွီသည် Itaewon လူအုပ်ကြီး တိုးဝှေ့နင်းမိမှုနှင့်ပတ်သက်ပြီး ပြည်သူများအား ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောခဲ့ပါသည်။ ယွန်းဆက်ယွီသည် သေဆုံးသူများ၏ မိသားစုများအား ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပြီး ယခုမှစပြီး အမျိုးသား ဝမ်းနည်းခြင်း ကာလသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

       ထိုမိန့်ခွန်းတွင် အရေးကြီးဆုံးအချက်သည် ယင်းလူအုပ်ကြီး တိုးဝှေ့နင်းမိမှု၏ အကြောင်းအရင်းကို သိရှိရန်နှင့် ထိုကဲ့သို့ မတော်တဆမှုများကို ထပ်မံမဖြစ်ပွားစေဖို့ ကာကွယ်ရန် ဖြစ်ကြောင်း သမ္မတ ယွန်းဆက်ယွီကလည်း ပြောကြားခဲ့ပါသည်။