ယခုတစ်ကြိမ် ဖိတ်ကြားခံရပြီး တရုတ်နိုင်ငံသို့ ခရီးလှည့်လည်ခြင်းသည် ပါကစ္စတန်-တရုတ်ချစ်ကြည်ရေး၏ နက်ရှိုင်းမှုကို ထင်ဟပ်စေသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဆို

(GMT+08:00)2022-10-30 16:43:23  

ပါကစ္စတနိုင်ငံဝန်ကြီးချုပ် Shahbaz Sharif သည် နိုဝင်ဘာလ ၁ ရက်နေ့မှ စပြီး တရုတ်နိုင်ငံသို့တရားဝင် အလည်အပတ်လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံကို သွားရောက်မည့် အခါသမယတွင် Shahbaz Sharif အား ပါကစ္စတန်နိုင်ငံမြို့တော် Islamabad China Media Group နှင့် အခြားသောတရုတ်မီဒီယာများမှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

      ယခုအကြိမ် ဖိတ်ကြားခံရပြီး တရုတ်နိုင်ငံသို့ ခရီးလှည့်လည်ခြင်းသည် ပါကစ္စတန်-တရုတ် ချစ်ကြည်ရေးနက်ရှိုင်းမှုကို ထင်ဟပ်စေပြီး ယခုအကြိမ်ခရီးစဉ်သည် နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးက ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုကို တစ်ဆင့်တိုး တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း Shahbaz Sharif က ပြောကြားခဲ့သည်။