တရုတ်နိုင်ငံသည် စမ်းသပ်အမှတ် 20 C ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-10-29 14:33:47  

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၉နာရီ ၁ မိနစ်က တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တု လွှတ်တင်ရေးစခန်းတွင် Long March ၂(ဂ) ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ ဖြင့် စမ်းသပ်အမှတ် 20 C ဂြိုဟ်တုကိုအာကာသသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ဂြိုဟ်တု သည် ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက် ခဲ့၍ လွှတ်တင်ရေးကို အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပါသည်။

      စမ်းသပ်အမှတ် 20 C ဂြိုဟ်တုသည် အာကာသပတ်ဝန်းကျင် စောင့်ကြည့်ခြင်း ကဲ့သို့သော နည်းပညာသစ်များ၏ ပတ်လမ်းပေါ်တွင်အတည်ပြုစစ်ဆေးမှုအတွက် အဓိကအားဖြင့် အသုံးပြုခြင်းဖြစ်ပါသည်။