တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်သစ်များ ယန်အန်းသို့ သွားရောက်လေ့လာ

(GMT+08:00)2022-10-29 14:51:33  

  အောက်တိုဘာလ ၂၇ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီမှ ကော်မတီဝင်များကို ဦးဆောင်ပြီး တရုတ် အနောက်မြောက်ပိုင်းဒေသရှိ ရှန်ရှီးပြည်နယ် ယန်အန်းမြို့သို့ သွားရောက်ကြသည်။ ယန်အန်းမြို့သည် တရုတ်တော်လှန်ရေးအတွက် အထူးအဓိပ္ပါယ်ပါရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် ပုခက်လွှဲသော နေရာဖြစ်သည်ဟု သဘောတူကြသည်။ အသစ်ရွေးချယ်ခံရသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီမှ ကော်မတီဝင်များ၏ ယခုအကြိမ် ခရီးစဉ်သည် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံအပြီး တစ်ပတ် မပြည့်မီကာလအချိန်အတွင်း စတင်ခဲ့သည့် ခရီးစဉ်သစ်ဖြစ်သည်။

        “ဒီတစ်ခေါက်မှာ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်များနှင့်အတူ လာရောက်ခြင်းဟာ ဗဟိုအစိုးရ ခေါင်းဆောင်သစ်များအနေနှင့် ယန်အန်းခေတ်က တည်ထောင်ခဲ့တဲ့ တော်လှန်ရေး အစဉ်အလာကောင်းနှင့် အကျင့်ကောင်းများကို ဆက်ခံပြီး ယန်အန်းစိတ်ဓာတ်ကို ပိုမိုကောင်းမွန်စွာ ထွန်းကားရမှာ ပြသဖို့ဖြစ်ပါတယ်”ဟု ရှီကျင့်ဖိန်က ဆိုသည်။