တိုင်ဖွန်း Nalgae ကြောင့် ဖိလစ်ပိုင်မှာ လူ ၇၂ ဦး သေဆုံးခဲ့သည်ဟု ဖိလစ်ပိုင်အမျိုးသားသဘာဝဘေး လျော့ပါးရေးကော်မတီ ကြေညာ

(GMT+08:00)2022-10-29 14:32:13  

ယခုနှစ်တွင် နံပတ် ၂၂ တိုင်ဖွန်း “Nalgae” ကြောင့် ဖိလစ်ပိုင်တွင် လူ ၇၂ ဦး သေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိပြီး ၁၄ ဦး ပျောက်ဆုံးနေကြောင်း၊ ဘေးသင့်သူ ၁ သိန်း ၈ သောင်းရှိပြီး  လူပေါင်း ၇၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ယခုလ ၂၉ ရက်နေ့က ဖိလစ်ပိုင် နိုင်ငံအမျိုးသားသဘာဝ ဘေးအန္တရာယ် လျော့ပါးရေးကော်မတီက ကြေညာခဲ့ကြောင်း သိရပါသည်။

      ကြေညာချက်အရ အိမ်ခြေ ၂၉၂ လုံးသည် အဆင့်အမျိုးမျိုးပျက်စီးခဲ့ပြီး လမ်း ၇၁ ခုနှင့် တံတား ၁၆ စင်း ပိတ်ဆို့မှုဖြစ်ခဲ့ကာ လယ်ယာစိုက်ပျိုးရေးဆုံးရှုံးမှုမှာ ဖိလစ်ပိုင် ပီဆို ၅၄ သန်းရှိကြောင်း၊ မြို့နယ်ပေါင်း ၄၂၅ ခုတွင် ကျောင်းများပိတ်ထားကြောင်း သိရပါသည်။