“ပစ်ခတ်မှုအောက်က အမေရိကန်ကလေးများ”ကို ဘယ်လိုကယ်တင်မလဲ

(GMT+08:00)2022-10-29 14:53:08  

"မိဘတွေက နေ့တိုင်း နိုးထပြီး သူတို့သားသမီးတွေကို ပစ်သတ်မခံရဖို့ ၊ကလေးတွေ ရှိနေတဲ့ ကျောင်းမှာ ပစ်ခတ်မှု မဖြစ်ပါစေနဲ့လို့ ဆုတောင်းကြတယ်" လို့ အမေရိကန် လွှတ်တော်အမတ်တစ်ဦးက အမေရိကန်တွေကို သေနတ်ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ အရိပ်အယောင်ကို ဖော်ပြခဲ့ပါတယ်။

အမေရိကန်ရှိ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ K-12 ကျောင်းသေနတ်ပစ် ဒေတာဘေ့စ်မှ နောက်ဆုံးအချက်အလက်များအရ ယခုနှစ် နှစ်ကုန်ဖို့ နှစ်လကျော်ကျန်သေးပေမဲ့ အမေရိကန် မှာ ယခုနှစ်အတွင်း ကျောင်းပစ်ခတ်မှုပေါင်း ၂၆၀ မှုဖြစ်ပွားခဲ့ကြောင်း၊ တစ်နှစ်အတွင်း ကျောင်းပစ်ခတ်မှု အရေအတွက် အမြင့်ဆုံးဖြစ်ကြောင်း သိရပါတယ်။

အမေရိကန် သေနတ်အကြမ်းဖက်မှု မော်ကွန်းဝက်ဘ်ဆိုဒ်မှ စာရင်းဇယားများအရ ဒေသစံတော်ချိန် အောက်တိုဘာလ ၂၇ ရက်နေ့အထိ ယခုနှစ်အတွင်း အမေရိကန်မှာ သေနတ်ပစ်ခတ်မှုကြောင့် ကလေးငယ်နဲ့ ဆယ်ကျော်သက်ကလေး ၁၃၇၉ ဦး သေဆုံးခဲ့ပြီး  ၃၆၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ “ပစ်ခတ်မှုအောက်က အမေရိကန်ကလေးများ” လို့ အမည်ပေးထားတဲ့ စာအုပ်တစ်အုပ်ရဲ့ အဆိုအရ အမေရိကန်လူငယ် သန်းပေါင်းများစွာဟာ သေနတ်ပစ်ခတ်မှုတွေကြောင့် ဒုက္ခရောက်နေကြတယ်လို့ စာရေးသူက ခန့်မှန်းထားပါတယ်။

တကယ်လို့ အမေရိကန် နိုင်ငံရေး စနစ်ရဲ့ ချို့ယွင်းချက်များကို ပြုပြင်လို့ မရပါက၊ တကယ်လို့ အမေရိကန် နိုင်ငံရေး နယ်ပယ်ကို အတ္တဝါဒီများက အမြဲတမ်း လွှမ်းမိုးထားပြီး သေနတ်ကိုရောင်းချရင်း ကျည်ကာအင်္ကျီကို ရောင်းချတဲ့ အကျိုးစီးပွား အုပ်စုများ အမြဲတမ်း  ရှိနေပါက အမေရိကန် ပြည်သူများဟာ သေနတ်အကြမ်းဖက်မှုမှ လွတ်မြောက်နိုင်မှာ မဟုတ်ကြောင်း China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။