ဝမ်ယိသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဘူအိန်စ်နှင့် တွေ့ဆုံ

(GMT+08:00)2022-10-29 14:31:36  

ယခုလ ၂၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ယူသော ဘူအိန်စ်၏ရောက်ရှိလာခြင်းကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါသည်။

    ဝမ်ယိသည် တရုတ်နိုင်ငံတွင် ၎င်း၏ရာထူးသစ်ကို ထမ်းဆောင်ရန်ဘူအိန်စ်အား ကြိုဆိုပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ အဓိက အောင်မြင်မှုများနှင့် ကြီးမားသောအကျိုးသက်ရောက်မှုများကို မိတ်ဆက်ခဲ့သည်။

      တရုတ်-အမေရိကန် ဆက်ဆံရေးသည် အရေးကြီးသောအခိုက်အတန့်တွင် ရောက်ရှိနေပြီး နိုင်ငံတကာ အသိုက်အဝန်းသည် အများအားဖြင့် တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်ရန် မျှော်လင့်ကြောင်း၊ အင်အားကြီးနှစ်နိုင်ငံအနေနှင့် တရုတ်နှင့်အမေရိကန်တို့သည် အခြားတစ်ခုကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊ အမေရိကန်ဘက်သည် မိမိအင်အားအနေအထားဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရန် ရပ်တန့်သင့်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန် တွေးတောခြင်းကို ရပ်တန့်သင့်ကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အနေနှင့် တရုတ်-အမေရိကန်ကြား ပေါင်းကူးတံတားဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

      ဘူအိန်စ်က မိမိသည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို မြင့်မားစွာအာရုံစိုက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ၏ အစီရင်ခံစာကို သေသေချာချာလေ့လာခဲ့ကြောင်း၊ တရုတ်ဘက်မှမိတ်ဆက်ခြင်းသည် အမေရိကန်ဘက်၏နားလည်မှုကို ပိုမိုလေးနက်စေရန် အကျိုးရှိ ကြောင်း ပြောကြားခဲ့သည်။