ကမ္ဘာ့ ဝန်တင်တန်ချိန် အကြီးဆုံး RO-RO သင်္ဘောပြုပြင်မွမ်းမံပြီးစီး

(GMT+08:00)2022-10-28 15:41:21  

Guangzhou Shipyard International Company Limited က အီတလီ ရေကြောင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုအတွက် တည်ဆောက်ပေးသည့် RO-RO ဇိမ်ခံ သင်္ဘော အမှတ်-၁ကို မကြာခင်က တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျိုးမြို့မှာ ပြုပြင်မွမ်းမံပြီးစီးခဲ့ပါတယ်။ အဆိုပါသင်္ဘောမှာ ကုန်းပတ် ၁၃လွှာရှိပြီး အခန်း၅၃၃ခန်းရှိကာ ကားပါကင် ၅လွှာရှိပါတယ်။ စုစုပေါင်းဝန်တင်တန်ချိန် ၇သောင်းရှိပြီး ကမ္ဘာ့ ဝန်တင်တန်ချိန် အကြီးဆုံး RO-RO သင်္ဘော ဖြစ်ပါတယ်။