ပါတီညီလာခံ၏ အနှစ်သာရကို ဘက်စုံသင်ယူလေ့လာပြီး စွဲကိုင်ကာ အကောင်အထည်ဖော်ရန် လိုသည်ဟု ရှီကျင့်ဖိန် ပြောကြား

(GMT+08:00)2022-10-28 15:40:59  

အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ သည် အောက်တိုဘာလ ၂၅ရက်နေ့ ညနေပိုင်းက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အနှစ်သရကို သင်ယူလေ့လာရေး နှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ ပထမဆုံးအကြိမ် စုပေါင်းသင်ယူလေ့လာမှုကို ပြုလုပ်ခဲ့ပါသည်။

ထိုသို့စုပေါင်းသင်ယူလေ့လာရာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသည် နိုင်ငံရေး၊ သဘောတရားနှင့် လက်တွေ့ဖော်ဆောင်မှုများတွင် အရေးကြီး အောင်မြင်မှုများ ရရှိပြီး ခေတ်သစ်၊ ခရီးစဉ်သစ် ပါတီနှင့် နိုင်ငံတော်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒနှင့် မဟာဗျူဟာမြောက် အစီအစဉ်ကို ရေးဆွဲ ချမှတ်ကာ တရုတ်ကွန်မြူနစ်ပါတီမှ ပြည်သူများကို စည်းလုံးညီညွတ်ပြီး ဦးဆောင်ကာ ဆိုရှယ်လစ်ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်ရန်၊ မွန်မြတ်သော တရုတ်အမျိုးသားပြန်လည်ရှင်သန်ရေး ဘက်စုံတွန်းအားပေးရန် နိုင်ငံရေး ကြေညာချက်နှင့် ဆောင်ရွက်ရေး လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ တစ်ပါတီလုံးအနေဖြင့် ဘက်စုံသင်ယူ လေ့လာပြီး ဘက်စုံစွဲကိုင်ကာ ဘက်စုံအကောင်အထည်ဖော်ရန်လိုကြောင်း၊ ပါတီညီလာခံတွင် တင်ပြထားသော ရည်မှန်းချက်များကို ဦးလည်မသုန် အကောင်အထည်ဖော်ရန်လိုကြောင်း၊ ဆိုရှယ်လစ်ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်ရေး အောင်မြင်မှုသစ်များ ကြိုးပမ်းရရှိရန် လိုကြောင်း အလေးထားပြောကြားခဲ့ပါသည်။