ရုရှားစစ်တပ်သည် မဟာဗျူဟာမြောက် အဟန့်အတား လေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2022-10-28 10:38:49  

ဒေသစံတော်ချိန် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၆ရက်နေ့က ရုရှားPlesetskရှိ Plesetsk အာကာသလွှတ်တင်ကွင်းတွင် “ယာခ်စ်”တိုက်ချင်းပစ် ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့သည်။ ထိုနေ့တွင် ရုရှားစစ်တပ်က မဟာဗျူဟာမြောက် အဟန့်အတား လေ့ကျင့်မှုပြုလုပ်ပြီး ရုရှားသမ္မတပူတင်သည် ယင်းလေ့ကျင့်ရေးကို ကြည့်ရှုကွပ်ကဲခဲ့သည်။ ရုရှား မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့သည် မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်နှင့် ခရုဇ်ဒုံးကျည် ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ပြီး ဒုံးကျည်အားလုံးသည် ပစ်မှတ်များကိုထိမှန်ကာ လေ့ကျင့်ရေး အောင်မြင်ခဲ့ပါသည်။