ရှီကျင့်ဖိန်သည် အမေရိကန်-တရုတ်ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် ညစာစားပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00)2022-10-28 15:43:39  

အောက်တိုဘာလ ၂၆ ရက်နေ့က တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီ ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်သည် အမေရိကန်-တရုတ်ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီ ဒါရိုက်တာဘုတ်အဖွဲ့ ဒုဥက္ကဋ္ဌ၊ အန်တာအုပ်စု ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ အယ်ဗင်-ဂရင်ဘာဂ် ဆုချီးမြှင့်ခံရခြင်းအပေါ် ဂုဏ်ပြုပြီး ကော်မတီနှင့် ကော်မတီဝင်များ၏ တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံအကြားနယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေးခဲ့ခြင်းကို ချီးကျူး ခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီနှင့် တရုတ်-အမေရိကန် ဆက်ဆံမှုကို အာရုံစိုက်ကြသော အလွှာပေါင်းစုံတို့အနေနှင့် တက်ကြွသောဘက်မှ ဆောင်ရွက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ပြန်လည် ကောင်းမွန် တည်ငြိမ်စေရေး အတွက် အကျိုးပြုစွမ်းဆောင်နိုင်ရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ဖော်ပြသည်။

ထိုနေ့တွင် အမေရိကန်သမ္မတ ဂျိုး-ဘိုင်ဒန်သည်လည်း အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။