တောရိုင်း ရေချိုလိပ်များကို ကာကွယ်စောင့်ရှောက်ရေးအတွက် ပြည်သူများအား ပန်ကြားရန် ဟောင်ကောင်ပင်လယ်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်ရေးနေ့ လှုပ်ရှားမှုကို ကျင်းပမည်

(GMT+08:00)2022-10-28 15:41:51  

၂၇ကြိမ်မြောက် ပင်လယ်ဥယျာဉ် ပြုစုစောင့်ရှောက်ရေးနေ့ ဖွင့်ပွဲအခမ်းအနားကို ဟောင်ကောင်ပင်လယ်ဥယျာဉ်ထဲတွင် ကျင်းပပြီး ပြုစုစောင့်ရှောက်ရေးနေ့၏ ဆောင်ပုဒ်မှာ “တောရိုင်းရေချိုလိပ်ကို အတူတူကာကွယ်ကြစို့”ဖြစ်ပါသည်။ ယင်းလှုပ်ရှားမှု ကို နိုဝင်ဘာလ ၅ရက်နေ့မှ ၆ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။ ပြုစု စောင့်ရှောက်ရေးနေ့ဆိုင်ရာ ပညာပေးလှုပ်ရှားမှုများ၊ တဲထိုးဂိမ်းများ နှင့် ကျွမ်းကျင်သူများမှ သုတေသနမျှဝေခြင်းမှတစ်ဆင့် ပြည်သူများအား မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိ ရေချိုလိပ် များ၏ အသက်တည်မြဲခြင်း ပြဿနာအပေါ် ပိုမိုအာရုံစူးစိုက်ကြရန် နိုးကြားလာပါသည်။