ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးဦးဆောင်ရေးအဖွဲ့ အမြဲတမ်း အဖွဲ့ဝင်များကို ဦးဆောင်ပြီး ယန်အန် တော်လှန်ရေးအထိမ်းအမှတ်နေရာများကို ဂါရဝပြုရန် ရှန်ရှီးပြည်နယ် ယန်အန်မြို့သို့ ခရီးလှည့်လည်

(GMT+08:00)2022-10-28 15:42:57  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် လီချန်၊ ကျော့လေကြည်၊ ဝမ်ဟုနင်၊ ဆိုက်ချီ၊ တင်ရွှေရှမ်နှင့် လီရှီး တို့ကို ဦးဆောင်ပြီး ရှန်ရှီးပြည်နယ် ယန်အန်မြို့ရှိ ယန်အန် တော်လှန်ရေးအထိမ်းအမှတ်နေရာသို့ သွားရောက်ဂါရ၀ပြုခဲ့ကြကြောင်း၊ အောက်တိုဘာလ ၂၇ရက်နေ့ နံနက်ပိုင်းက ရှီကျင့်ဖိန်နှင့် အဆိုပါ အမြဲတမ်း အဖွဲ့ဝင်များသည် တရုတ်ကွန်မြူနစ်ပါတီ သတ္တမကြိမ်မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပခဲ့ရာ နေရာနှင့် မော်စီတုံး၏ နေအိမ်ဟောင်း အပါအဝင် တော်လှန်ရေးအထိမ်းအမှတ်နေရာများကို သွားရောက်ဂါရဝပြုပြီး ယန်အန် တော်လှန်ရေး အထိမ်းအမှတ်ပြတိုက်တွင် “မွန်မြတ်သော သမိုင်းကြောင်း—တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ယန်အန်မြို့ရှိ ၁၃နှစ်တာ သမိုင်းပြပွဲ”ကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။