ရှန်းတုန်းပြည်နယ် ဟိုဇေမြို့မှာ ဂျုံရိုးဖြင့် ပန်းချီကားဆွဲ

(GMT+08:00)2022-10-27 15:12:06  

ယခုလ ၂၆ရက်နေ့က တရုတ်ပြည် ရှန်းတုန်းပြည်နယ် ဟိုဇေမြို့ မူတန်းဒေသ ဝူတျန့် မြို့နယ် ဘိုကိုထန် ကျေးရွာရှိ မာရှန့်ရွန် အနုပညာworkroomမှာ “ပန်းချီဆရာ”များသည် ဂျုံရိုးများဖြင့် ပန်းချီများကို ဆွဲနေကြပါတယ်။ ရှန်းတုန်းပြည်နယ် ဟိုဇေမြို့ မူတန်းဒေသ၏ ဂျုံရိုးပန်းချီကားဟာ ရိုးရာလက်မှုပစ္စည်း ဖြစ်ပါတယ်။ ယင်းပန်းချီကားမျိုးကို သဘာဝ ဂျုံရိုးများဖြင့် ဆွဲတာ ဖြစ်ပြီး ပန်းချီကားမျက်နှာပြင် ပြည့်တင်းကာ ရှေးဟောင်း အရောင်အဆင်း အရည်အသွေးနဲ့ ပြည့်စုံပါတယ်။ ဂျုံရိုးပန်းချီကားဟာ ဈေးကွက်မှာ အရောင်းကောင်းပြီး ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြင့် ရွာသူရွာသားများ အပြင်ထွက်ဖို့ မလိုဘဲ ဝင်ငွေ တိုးပွားစေတဲ့ “လက်ချောင်းဖျားစီးပွားရေး”ဟာ ဖွံ့ဖြိုးတိုးတက်လာတယ်။