“တရုတ်မှတ်တမ်းတင်ကား ပွဲတော်”အာဖရိကပြသရေးလှုပ်ရှားမှုများ စတင်

(GMT+08:00)2022-10-27 15:08:28  

အောက်တိုဘာလ ၂၆ ရက်နေ့က“တရုတ်မှတ်တမ်းတင်ကားပွဲတော်”အာဖရိက ပြသရေးလှုပ်ရှားမှုများကို တရားဝင် စတင်ခဲ့သည်။ အာဖရိက အဓိကမီဒီယာ ပလက်ဖောင်းများနှင့် ပြည်ပအဖွဲ့အစည်းများမှတစ်ဆင့် (အနာဂတ်ကိုပုံဖော်ခြင်း)နှင့် (ဆယ်စုနှစ်အတွင်းတရုတ်နိုင်ငံ)စသည့် ခရီးစဉ်သစ်တွင် "တရုတ်နိုင်ငံ စီမံအုပ်ချုပ်မှု" ၏ ထူးခြားသော ကျက်သရေကို ဖော်ပြထားသည့် ဘာသာစကားမျိုးစုံ မှတ်တမ်းတင် ကားများကို အာဖရိက ပရိသတ်များအား တရားဝင်ပြသသည်ဟု China Media Group မှ သတင်းအရသိရသည်။

  “တရုတ်မှတ်တမ်းတင်ကားပွဲတော်”ကမ္ဘာတစ်ဝန်းပြသရေးလှုပ်ရှားမှုသည် China Media Group၊ ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာနတို့မှ ပူးတွဲကျင်းပကြခြင်း ဖြစ်သည်ဟု သတင်းအရ သိရသည်။