အောက်တိုဘာလ ၂၆ ရက်နေ့က ယန်စီမြစ်အလယ်ပိုင်း ဝူဟန့်မြို့ Muezhou ရေလမ်းကြောင်းတွင် လွန်ခဲ့သည့် ၄ နှစ်တုန်းက နစ်မြုပ်ခဲ့သော ကုန်တင်သင်္ဘော တစ်စင်းကို ဆယ်ယူခဲ့ပါသည်။ ၄င်းမှာ ယန်စီမြစ်တစ်လျှောက် ရေကြောင်း ပို့ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေသော နစ်မြုပ်ခဲ့သည့်သင်္ဘောများ ဆယ်ယူရေးလုပ်ငန်း ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်ပါသည်။
လက်ရှိ ယန်စီမြစ်တစ်လျှောက်တွင် ရေကြောင်းပို့ဆောင်ရေးကို အနှောင့်အယှက် ဖြစ်စေသော ၁နှစ်ကျော်ကြာ နစ်မြုပ်ခဲ့သည့် သင်္ဘောအစင်း ၇၀ကျော် ရှိပါသည်။ ၄င်းနစ်မြုပ်ခဲ့သည့် သင်္ဘော ဆယ်ယူခြင်းကြောင့် ရေကြောင်းဂေဟပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသမ်းပြီး ယန်စီမြစ်အလယ်ပိုင်း ရေကြောင်းပို့ဆောင်ရေးအခြေအနေကို ကောင်းမွန်လာစေသည့်အပြင် အနာဂတ်တွင် ယန်စီမြစ်တစ်လျှောက် ရေကြောင်း ပို့ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေသော နစ်မြုပ်ခဲ့သည့် သင်္ဘောများ ဆယ်ယူရေး အတွက်လည်း အတွေ့အကြုံ စုဆောင်းနိုင်ပါသည်။