ကန်နှင့် ဗြိတိန် ခေါင်းဆောင်တို့မှ “တရုတ်နိုင်ငံစိန်ခေါ်မှုကို အတူရင်ဆိုင်ကြမည်”ဟု ပြောကြားခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှု မဟုတ်ဟု တရုတ် ဆို

(GMT+08:00)2022-10-27 15:12:31  

အမေရိကန်သမ္မတ ဘိုင်ဒင်သည် မကြာခင်က ဗြိတိန်ဝန်ကြီးချုပ်သစ် Sunakနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာတွင် နှစ်ဖက်တို့က “တရုတ်နိုင်ငံ စိန်ခေါ်မှုကို အတူရင်ဆိုင်ကြမည်”ဟု ပြောကြားခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံ နှင့် အခွင့်ကောင်းဖြစ်ပြီး စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှု မဟုတ်ကြောင်း၊ မိမိတို့ အနေနှင့် အမေရိကန်အား zero-sum mentality ကို စွန့်လွှတ်ပြီး ခေတ်ရေစီးကြောင်း နှင့် လိုက်ရောညီထွေကာ တံခါးဖွင့်ပြီး ဘက်ပေါင်းစုံ လက်ခံမှု၊ ပူးပေါင်းဆောင်ရွက်ပြီး အကျိုးတူရရှိမှု ဟူသော အတွေးအခေါ်သစ်ကို စမ်းသပ်ထူထောင်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး တွန်းအားပေးမှုအတွက် များစွာအကျိုးပြုစွမ်းဆောင်ရန် တိုက်တွန်းကြောင်း ၂၆ရက်နေ့က ပြောကြားခဲ့ပါသည်။