Monet ပန်းချီပြပွဲကို ဟောင်ကောင်တွင် ကျင်းပ

(GMT+08:00)2022-10-27 15:09:26  

အောက်တိုဘာလ ၂၆ ရက်နေ့က "Finding Footprints, Monet"ဆောင်ပုဒ်ဖြင့် Monet ပန်းချီပြပွဲကို ဟောင်ကောင်တွင် ဖွင့်လှစ်ခဲ့ပါသည်။ အံ့သြဖွယ်ကောင်းသော ၃၆၀ ဒီဂရီ အလင်းရောင်နှင့် မူရင်းတေးဂီတ ဒီဇိုင်းဖြင့် ပြပွဲသည် Monet ပန်းချီကားပေါင်း ၂၀၀ ခန့်ကို ဘောင်မှ ခုန်ထွက်စေခဲ့ပြီး ပရိသတ်များသည် ၃၆ မိနစ်ကြာ အလင်းရောင်နှင့် အရိပ်ပွဲအတွင်း Monet ၏ ထင်ရှားကျော်ကြားသော ပန်းချီလောကတွင် ရှိနေသကဲ့သို့ ခံစားခဲ့ပါသည်။