ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို စိန်ခေါ်၍မရသလို တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကိုလည်း ယိမ်းယိုင်၍ မရကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2022-10-26 16:02:29  

ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ သည် ထိုင်ဝမ်အဆင့် နေရာရေးရာကို မဖြေရှင်းသေးဟု ယုတ္တိမတန်ပြောဆိုချက်ကို အမေရိကန် အင်အားအချို့မှ သတင်းဖြန့်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို စိန်ခေါ်၍မရ သလို တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကိုလည်း ယိမ်းယိုင်၍မရကြောင်း ယခုလ ၂၅ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

၁၉၇၁ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထောက်ခံမဲ အရေအတွက် အပြတ်အသတ်ဖြင့် ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ကို အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ဝမ်ဝင်ပင်က ရှင်းလင်းဖော်ပြခဲ့သည်ဟု သတင်းအရ သိရသည်။