၁၂၂ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်စစ်ဆေးရေးကို စတင်ဆောင်ရွက်

(GMT+08:00)2022-10-26 16:03:04  

    အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ၁၂၂ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်စစ်ဆေးရေးကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် ယခုအကြိမ် ကင်းလှည့်စစ်ဆေးရေးဆောင်ရွက်မှုတွင် ပါဝင်သည့် တရုတ်သင်္ဘော ၂ စင်းသည် ရှစ်ဆောင်ပနားမြို့ တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲရှိ ကျင်ဟာ ဆိပ်ကမ်းမှ ထွက်ခွါပြီး သတ်မှတ် ထားသော နေရာတွင် လာအိုနှင့်မြန်မာ သင်္ဘောတို့နှင့် ဖွဲ့စည်းကာ ကင်းလှည့်ရေးတာဝန်ကို စတင်မည် ဖြစ်ကြောင်း၊ ယခုအကြိမ် ကင်းလှည့်စစ်ဆေးရေးဆောင်ရွက်မှုတွင် စစ်ဆေးရေးသင်္ဘော ၄ စင်းကို စေလွှတ်ကာ စုစုပေါင်း ရေကြောင်းခရီး ကီလိုမီတာ ၆၀၀ ကျော် ရှိမည်ဖြစ်ပြီး ၄ ရက် ၃ ည ကြာမည်ဟု ခန့်မှန်းထားကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး ဦးစီးဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။