ယခုနှစ် ဆောင်းနှင့်နွေဦး လေကြောင်းရာသီတွင် နိုင်ငံတကာခရီးသည်တင် လေကြောင်း ပမာဏသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် အပတ်စဉ် (၁၀၅.၉)ရာခိုင်နှုန်း တိုးများလာသည်ဟု တရုတ်မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဌာနဆို

(GMT+08:00)2022-10-26 16:03:38  

အောက်တိုဘာလ ၂၆ရက်နေ့က တရုတ်မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဌာနသည် လစဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ လေကြောင်းရာသီသစ်တွင် လေကြောင်းခရီးစဉ် အစီအစဉ်နှင့်ပတ်သက်၍ တရုတ်မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဌာန သယ်ယူပို့ဆောင်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရှူချင်းက တရုတ် မြို့ပြ လေကြောင်းသည် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့မှ ၂၀၂၃ခုနှစ် မတ်လ ၂၅ရက်နေ့အထိ ၂၀၂၂/၂၀၂၃ ခုနှစ် ဆောင်းနှင့်နွေဦး လေကြောင်းရာသီ လေကြောင်းခရီးစဉ် စီမံကိန်းကို ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်းနှင့်နွေဦး လေကြောင်းရာသီတွင် ပြည်တွင်းပြည်ပ လေကြောင်းကုမ္ပဏီ (၁၂၇)ခုတို့သည် ခရီးသည် နှင့် ကုန်တင်လေကြောင်း ခရီးစဉ် အပတ်စဉ် (၁၀၄၅၇၃)ကြိမ် (တစ်ကြိမ်ဆိုလျှင် ပျံတက်မှုတစ်ကြိမ် နှင့် ဆင်းသက်မှုတစ်ကြိမ် ပါဝင်သည်) စီစဉ်ထားကြောင်း၊ လက်ရှိတွင် မြို့ပြလေကြောင်းရာသီပြောင်းလဲရေးလုပ်ငန်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းနှင့် လေကြောင်း ခရီးစဉ် နယ်ပယ်၌ လက်ရှိတွင် ပြည်တွင်းပြည်ပ လေကြောင်း ကုမ္ပဏီများသည် ခရီးသည်တင်လေကြောင်း ခရီးစဉ်ကို အပတ်စဉ် အကြိမ် (၈၄၀) စီစဉ်ပြီး ၂၀၂၁/၂၀၂၂ခုနှစ် ဆောင်းနှင့်နွေဦး လေကြောင်းရာသီကထက် (၁၀၅.၉) ရာခိုင်နှုန်း တိုးများလာကြောင်း၊ ကုန်တင်လေကြောင်း ခရီးစဉ်ကို အပတ်စဉ် (၆၁၄၈)ကြိမ် စီစဉ်ပြီး ၂၀၂၁/၂၀၂၂ခုနှစ် ဆောင်းနှင့်နွေဦး လေကြောင်းရာသီကထက် (၆.၇)ရာခိုင်နှုန်း တိုးများလာကြောင်း၊ပြောကြားခဲ့ပါသည်။