တရုတ်ပြည်မှ လူလုပ်မွေးမြူထားသော ပထမတစ်ကောင် ဒုတိယမျိုးဆက် finless porpoise ၏ အမည် ထုတ်ပြန်

(GMT+08:00)2022-10-26 16:04:31  

စုဆောင်းထားသည့် အမည်၁၀၀၀ ကျော်ကို ကြိမ်ပေါင်းများစွာ ရွေးချယ်ပြီးနောက် ယခုလ၂၅ရက်နေ့က တရုတ်ပြည်မှ လူလုပ်မွေးမြူထားသော ပထမတစ်ကောင် ဒုတိယမျိုးဆက် ယန်စီမြစ် finless porpoise အား“ဟန့်ဘော်”ဟု အမည်မှည့်ထားခဲ့သည်။ ယန်စီမြစ် finless porpoiseသည် တရုတ်ပြည်တွင် ထူးခြားပြီး ရှားပါးသော ရေချိုဝေလငါးမျိုး ဖြစ်သည်ဟု သတင်းအရသိရသည်။