အဂတိလိုက်စားမှု တိုက်ဖျက်ရန် ခက်ခဲ ရေရှည်သော တိုက်ပွဲ အောင်ပွဲရအောင် ပြတ်ပြတ်သားသားဆောင်ရွက်ရမည်

(GMT+08:00)2022-10-25 14:19:39  

    ယခုလ ၂၄ ရက်နေ့က ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာအား ရှင်းလင်းပြောကြားရေး သတင်းစာ ရှင်းလင်းပွဲတွင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစည်းကမ်းကြီးကြပ်ရေးကော်မရှင် နိုင်ငံတော် ကြီးကြပ်ရေးကော်မရှင် ပြန်ကြားရေးဝန်ကြီး ဝမ်ကျန့်ရှင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရန် ခက်ခဲ ရေရှည်သော တိုက်ပွဲ အောင်ပွဲရအောင် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဂတိ မလိုက်စားရဲခြင်း၊ အဂတိ လိုက်စား၍ မရခြင်း၊ အဂတိ လိုက်စားချင်မှု မရှိခြင်းအား တစ်သားတည်း အားဖြည့် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကေဒါခေါင်းဆောင်များကို အကျိုးစီးပွားဆိုင်ရာ အုပ်စုများနှင့် အာဏာပိုင် အုပ်စုများ၏ ကိုယ်စားလှယ်နှင့် ပြောပိုင်ခွင့်ရှိသူများ မဖြစ်စေဖို့ ပိုမို အလေးထား ကြိုတင်ကာကွယ်ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု ဘေးနားရှိ အဂတိ လိုက်စားသူများကို အားဖြည့် အရေးယူရမည် ဖြစ်ကြောင်း၊ အဂတိ လိုက်စားခြင်း ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်သော စနစ်များ ပိုမို ပြည့်စုံကောင်းမွန်အောင် ပိုမို အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။