ရှင်းကျန်း ထာချိန်၌ ငန်းကြီးများသည် လယ်မြေပေါ်တွင် ပျံသန်းကြပြီး နည်းလမ်းများစွာဖြင့် စားကျက်ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်

(GMT+08:00)2022-10-25 14:31:58  

ယခုနှစ်များတွင် ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ထာချိန်ဒေသ ယူမင်းခရိုင်၌ မြက်ခင်းပြင်စည်းရိုးအတွင်း စားကျက်တားမြစ်ခြင်း၊ မြက်ခင်းပြင်မြေများကို ယူထားသော စိုက်ခင်း မူလအတိုင်း ပြန်ဖြစ်ရေး စသောနည်းလမ်းများဖြင့် မြက်ခင်းပြင်နှင့်စိမ့်မြေကို ထိန်းသိမ်းစောင့်ရှောက်ရေး အင်အားကို အဆက်မပြတ် တိုးမြှင့်လာပါသည်။ ဒေသခံ သဘာဝပတ်ဝန်းကျင်သည် တစ်ဆင့်တိုး မူလအခြေသို့ ပြန်ဖြစ်လာ၍ ထိန်းသိမ်းစောင့်ရှောက်မှု ရရှိစေပါသည်။ တစ်နှစ်ပြီးတစ်နှစ် ငန်းကြီး၊ တောရိုင်းဘဲ စသော ငှက် အမြောက်အမြားကို ဆွဲဆောင်ပြီး လှပသော ကျေးလက်သဘာဝပန်းချီကို ဖန်တီးလာပါသည်။