“သမ္မတ ရွေးကောက်ပွဲတွင် မဖြစ်မနေ ထပ်မံ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း”ထရန့် ဆိုခဲ့ဟု အမေရိကန် မီဒီယာများ ဖော်ပြ

(GMT+08:00)2022-10-25 14:38:40  

ဒေသစံတော်ချိန် ၂၂ရက်နေ့က အမေရိကန်သမ္မတဟောင်း ထရန့်သည် ၂၀၂၄ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် မဖြစ်မနေ ထပ်မံ ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ်ရာရှိကြောင်း တက္ကဆက်ပြည်နယ်မှ လူထုစည်းဝေးပွဲတစ်ခု၌ ပြောကြားခဲ့သည်ဟု အမေရိကန် "Capitol Hill" သတင်းကိုကိုးကား၍ တရုတ်သတင်း ဌာနမှ ဖော်ပြသည်။

ထရန့်နှင့် သူ့မဟာမိတ်များသည် သမ္မတ ရွေးကောက်ပွဲ၌ ပါ မပါ ဆိုသည်ကို ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ကြေညာခြင်းနှင့် ပတ်သက်၍  ဆွေးနွေးခဲ့ကြကြောင်း သတင်းရင်းမြစ်များစွာက ပြောကြား ခဲ့သည်ဟု"Capitol Hill" မှ သတင်းအရ သိရသည်။