အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆိုရှယ်လစ်ခေတ်မီနိုင်ငံကို ဘက်စုံတည်ဆောက် ရန် ဦးစားပေးတာဝန်ဖြစ်

(GMT+08:00)2022-10-25 14:15:43  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲရေးရုံး ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ မုဟုန်က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာတွင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆိုရှယ်လစ်ခေတ်မီနိုင်ငံကို ဘက်စုံတည်ဆောက်ရန် ဦးစားပေးတာဝန်ဖြစ်သည်ဟု ဖော်ပြထားခြင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးအရည်အသွေး၏ အခြေအနေတစ်ခုလုံးနှင့် ရေရှည်အဓိပ္ပါယ်ကို တစ်ဆင့်တက် ပြဆိုနိုင်ကြောင်း အောက်တိုဘာလ ၂၄ရက်နေ့က ပြောကြားခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပါတီညီလာခံ အစီရင်ခံစာ ရှင်းလင်း ပြောကြားရေး သတင်းစာရှင်းလင်းပွဲတွင် မုဟုန်က ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ်ကို အရှိန်မြှင့် တည်ဆောက်ခြင်း၊ ဆန်းသစ်တီထွင်ရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး မဟာဗျူဟာကို ဦးလည်မသုန် ကျင့်သုံးခြင်း၊ အရည်အချင်းမြင့် ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်ကို ထူထောင်ခြင်း၊ ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေးကို ဘက်စုံတွန်းအားပေးခြင်း၊ ဒေသများ ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးခြင်းနှင့် အရည်အချင်းမြင့် နိုင်ငံခြားသို့ တံခါးဖွင့်ခြင်း တွန်းအားပေးရေး အပါအဝင် ပါတီညီလာခံ အစီရင်ခံစာတွင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးရေးနှင့်ပတ်သက်၍ မဟာဗျူဟာမြောက် စီစဉ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

မုဟုန် က ၄င်းမဟာဗျူဟာမြောက်နည်းလမ်းများမှာ လက်ရှိအခြေအနေကို မူတည် ပြီး အနာဂတ်ကို ရှေ့ရှုကြောင်း၊ အပြင်လောကမှ မယုံသင်္ကာမှုကို ပပျောက်စေရန်၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ယုံကြည်စိတ်ကို တိုးများစေရန် အကျိုးရှိကြောင်း ပြောကြားခဲ့ပါသည်။