တောင်ကိုရီးယားစစ်သင်္ဘောသည် ကိုရီးယားကျွန်းဆွယ် အနောက်ဖက်ကမ်း ပင်လယ်ရပ်ဝန်းတွင် မြောက်ကိုရီးယားသင်္ဘောအား သတိပေးပစ်ခတ်မှု ပြုလုပ်

(GMT+08:00)2022-10-25 14:35:44  

      အောက်တိုဘာလ ၂၄ ရက်နေ့ လင်းအားကြီးအချိန်တွင် တောင်ကိုရီးယားစစ်သင်္ဘောသည် ကိုရီးယားကျွန်းဆွယ် အနောက်ဖက်ကမ်း ပင်လယ်ရပ်ဝန်း၌ မြောက်ကိုရီးယားသင်္ဘောတစ်စင်းအား သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားသည် တန်ပြန်ဆောင်ရွက်ခဲ့သည်ဟု မြောက်ကိုရီးယား ပြည်သူ့တပ်မတော် စစ်ဦးစီးဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက ၂၄ ရက်နေ့က ဖော်ပြခဲ့ပါသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

     တောင်-မြောက်ကိုရီးယားနှစ်ဖက်တို့သည် ကိုရီးယားကျွန်းဆွယ် အနောက်ဖက်ကမ်းရှိ ရေပိုင်နက် နယ်နိမိတ်မျဉ်း သတ်မှတ်ချက်နှင့်ပတ်သက်၍ သဘောကွဲလွဲမှု အစဉ်တစိုက် ရှိနေသည်။