ကမ္ဘာ့နည်းပညာပြိုင်ပွဲ အထူးပြိုင်ပွဲ ဆွစ်ဇာလန်ဇုန်တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့က ရွှေတံဆိပ်၎ခုရရှိ

(GMT+08:00)2022-10-25 14:37:25  

ယခုလ ၂၃ ရက်နေ့က ၂၀၂၂ခုနှစ် ကမ္ဘာ့နည်းပညာပြိုင်ပွဲ အထူးပြိုင်ပွဲဖြစ်သည့် ဆွစ်ဇာလန်ပြိုင်ပွဲဇုန် အီလက်ထရောနစ် နည်းပညာပြိုင်ပွဲသည် ဆွစ်ဇာလန် ဘန်လ်နီမြို့တွင် ပိတ်ပွဲအခမ်းအနား ကျင်းပပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်ပြိုင်ပွဲဇုန်တွင် ရွှေတံဆိပ် ၄ခုနှင့် ထူးချွန်ဆု ၂ခုကို ရရှိကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်ပြိုင်ပွဲဇုန်မှ လက်ခံကျင်းပသော အိမ်ထောင်ပရိဘောဂ ထုတ်လုပ်မှု၊ တိကျသောသစ်သားလုပ်ငန်း၊ သစ်သားလုပ်ငန်း၊ ပုံနှိပ်မီဒီယာနည်းပညာ၊ ဂရပ်ဖစ်ဒီဇိုင်းနည်းပညာနှင့် အီလက်ထရောနစ်နည်းပညာ စသော ပြိုင်ပွဲ ၆ခုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ကမ္ဘာ့နည်းပညာပြိုင်ပွဲကို “ကမ္ဘာ့နည်းပညာအိုလံပစ်ပြိုင်ပွဲ”ဟု ခေါ်ပြီး ယင်းပြိုင်ပွဲ၏ ယှဉ်ပြိုင်မှုအဆင့်သည် ယနေ့ခေတ် အလုပ်စွမ်းရည် တိုးတက်မှု၏ ကမ္ဘာ့ရှေ့တန်းအဆင့်ကို ကိုယ်စားပြုသည်။