ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် အစားထိုး၍ မရ ဟု တရုတ်ဆို

(GMT+08:00)2022-10-25 14:23:52  

အောက်တိုဘာလ ၂၄ ရက်နေ့သည် ကုလသမဂ္ဂနေ့ ဖြစ်သည်။ လွန်ခဲ့သည့် ၇၇ နှစ်က ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် တရားဝင် အာဏာတည်ခဲ့ပြီး ကုလသမဂ္ဂ တည်ထောင်ခြင်းကို ကြေညာခဲ့ကာ နိုင်ငံတကာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ် ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ၂၄ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဝမ်ဝင်ပင်က ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး၊ ကိုယ်စားအပြုနိုင်ဆုံးနှင့် အာဏာသက်ရောက်မှု အရှိဆုံးသော အစိုးရချင်း နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ကုလသမဂ္ဂသည် နိုင်ငံစုံဝါဒ တွန်းအားပေးရေးကို စွဲကိုင်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစားထိုး၍မရသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။