ရှီးအန်းလေယာဉ်ကောလိပ်မှ လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်

(GMT+08:00)2022-10-25 14:39:48  

ဆောင်းဦးရာသီ အစဦးပိုင်းဖြစ်သော်လည်း တရုတ်အနောက်မြောက်ပိုင်း သဲကန္တာရ ဒေသတွင် အပူလှိုင်းများ ထနေလျက် ရှိသည်။ လေယာဉ်များသည် အပြာရောင် ကောင်းကင်ယံတွင် ကျယ်လောင်စွာ မြည်ဟိန်းနေပြီး ဒုံးကျည်များသည် Gobi သဲကန္တာရ အနက်ပိုင်းမှ ပစ်လွှတ်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် လေတပ် လက်အောက်ခံ ရှီးအန်း လေယာဉ်ကောလိပ်မှ စည်းရုံးကျင်းပသည့် ဘက်စုံ တိုက်ခိုက်ရေး လေ့ကျင့်မှုများ အပူတပြင်း လက်တွေ့ ဆောင်ရွက်လျက်ရှိသည်ဟု သတင်းအရ သိရသည်။