Sunak သည် ၂၅ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တရားဝင် တာဝန်ထမ်းဆောင်မည်

(GMT+08:00)2022-10-25 14:34:22  

   ဒေသစံတော်ချိန် အောက်တိုဘာလ ၂၄ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်ရုံးက ဗြိတိန်ဝန်ကြီးချုပ် တာဝန်လွှဲပြောင်းခြင်းဆိုင်ရာ အစီအစဉ်ကို အကျဉ်းချုံး ထုတ်ပြန်ခဲ့သည်။ လက်ရှိဝန်ကြီးချုပ် Elizabeth Truss သည် ဒေသစံတော်ချိန် ၂၅ရက်နေ့နံနက်ပိုင်းတွင် ဒေါင်းနင်းလမ်း၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ဗြိတိန်ဘုရင် Charles III နှင့် တွေ့ဆုံရန် Buckingham နန်းတော်သို့ သွားရောက်မည်ဖြစ်သည်။ ထို့နောက် ဗြိတိန်အာဏာရကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်အသစ် Rishi Sunak သည် Charles III နှင့်တွေ့ဆုံရန် Buckingham နန်းတော်သို့ သွားရောက်မည်ဖြစ်သည်။ Charles III ၏ ခန့်အပ်ခြင်းကို လက်ခံပြီးနောက် Sunak သည် ဗြိတိန်ဝန်ကြီးချုပ် တရားဝင် ဖြစ်လာမည်ဖြစ်ကာ ဒေါင်းနင်းလမ်းသို့ ပြန်လည်ရောက်ရှိပြီး အတိုချုံးမိန့်ခွန်း ပြောကြားမည်ဖြစ်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။