တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံမှ ရွေးချယ်ခဲ့သော ဗဟိုစည်းကမ်းကြီးကြပ်ရေးကော်မရှင်သည် ယခုလ ၂၃ ရက်နေ့က ပီကင်းတွင် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပခဲ့ပြီး ရဲဘော် လီရှီးသည် အစည်းအဝေးကို ဦးစီးကျင်းပခဲ့ကြောင်း သိရပါသည်။
အစည်းအဝေးတွင် ဗဟိုစည်းကမ်းကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး၊ ဒုတိယ အတွင်းရေးမှူးနှင့် အမြဲတမ်းကော်မတီဝင်များကို ရွေးချယ်ပြီး ဗဟိုကော်မတီသို့ အတည်ပြုရန် တင်ပြခဲ့ပါသည်။