Korean Air ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဖိလစ်ပိုင်နိုင်ငံ ဆီဘူ လေဆိပ်တွင် ပြေးလမ်းချော်

(GMT+08:00)2022-10-24 15:48:03  

 အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းက ခရီးသည် ၁၆၂ဦးနှင့် လေယာဉ်အမှုထမ်း ၁၁ ဦး တင်ဆောင်ထားသော  Korean Air ခရီးသည်တင်လေယာဉ်တစ်စင်းသည် ရာသီဥတုဆိုးဝါးမှုကြောင့် ဆင်းသက်စဉ်မှာ ပြေးလမ်းချော်သွားခဲ့ပါသည်။ ကံကောင်းစွာဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိ သော်လည်း လေယာဉ် ဆင်းသက်သည့်ဂီယာ၏ ဘီးများနှင့် လေယာဉ်ကိုယ်ထည် ပျက်စီးသွား ခဲ့သည်။