အိန္ဒိယသည် သယ်ဆောင်ရေးဒုံးပျံဖြင့် ဆက်သွယ်ရေးဂြိုဟ်တု ၃၆ လုံးကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-10-24 15:52:01  

     အောက်တိုဘာလ ၂၃ ရက်နေ့က အိန္ဒိယနိုင်ငံသည် LVM3 သယ်ဆောင်ရေး ဒုံးပျံဖြင့် ဆက်သွယ်ရေးဂြိုဟ်တု ၃၆ လုံးကို ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းထဲသို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်ဟု အိန္ဒိယအာကာသသုတေသနပြုရေးအဖွဲ့က ထိုနေ့က ထုတ်ပြန်ကြေညာခဲ့ပါ သည်။ အဆိုပါ ဒုံးပျံကို ဒေသစံတော်ချိန် ၂၃ ရက်နေ့ သုည နာရီ ၇ မိနစ်တွင် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းရှိ Satish Dhawan အာကာသစခန်းတွင် လွှတ်တင်ခဲ့ပါသည်။