တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ရှီကျင့်ဖိန်အား ရွေးချယ်တင်မြှောက် ခြင်းအတွက် ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေးပါတီခေါင်းဆောင်များ လှိုက်လှဲစွာဂုဏ်ပြု

(GMT+08:00)2022-10-24 11:37:16  

 အောက်တိုဘာလ ၂၃ ရက်နေ့က ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီခေါင်းဆောင်များသည် သဝဏ်လွှာပေးပို့ပြီး ရှီကျင့်ဖိန်အား တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအတွက် လှိုက်လှဲစွာဂုဏ်ပြုခဲ့သည်။

ရုရှားသမ္မတပူတင်က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံအရွေးခံ ရခြင်းအတွက် ကျွန်ုပ်၏ အနွေးထွေးဆုံး ဂုဏ်ပြုမှုကို လက်ခံပါဟု ပြောကြားခဲ့ပါသည်။

အာဂျင်တီးနားသမ္မတ ဖာနန်ဒက်ဇ်က အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် ဆင်းရဲမွဲတေမှုပပျောက်ရေး၊ နည်းပညာဆန်းသစ်တီထွင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးအတွက် စံနမူနာ ပြခဲ့ကြောင်း ပြောကြားပါသည်။

ဘီလာရုစ်သမ္မတ လူကာရှန်ကိုက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်ခံရခြင်းသည် သင်၏မြင့်မြတ်သောဂုဏ်သိက္ခာနှင့် တရုတ်ကွန်မြူနစ်ပါတီဝင် ၉၆သန်းကျော်၏ သင့်အပေါ် ခိုင်မာသောထောက်ခံမှုကို အပြည့်အဝ ပြသကြောင်း ပြောကြားခဲ့သည်။

ကာဇတ်စတန်သမ္မတ တိုကယက်ဗ်က တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည်မွန်မြတ်သောတရုတ်အမျိုးသားရှင်သန်ရေး လမ်းကြောင်းပေါ်တွင် အရေးကြီးသော သမိုင်းဝင် အဓိပ္ပါယ်ပါရှိကြောင်း ပြောကြားခဲ့သည်။