ကျန်းရှီးပြည်နယ်တွင် စပါးနှင့် မုန်ညင်းစိမ်း အလှည့်ကျ စိုက်ပျိုးနည်းဖြင့် လယ်သမားများ၏ ဝင်ငွေ တိုးလာစေသည်

(GMT+08:00)2022-10-24 11:38:40  

    ယခုရက်များတွင် ကျန်းရှီးပြည်နယ် နန်ချမ်းမြို့မှ လယ်သမားများသည် စပါး ရိတ်သိမ်းရင်း ဆောင်းရာသီ မုန်ညင်းစိမ်း စိုက်ပျိုးရင်းနှင့် အလုပ်များနေပါသည်။ ယခုနှစ်များတွင် နန်ချမ်းမြို့သည် စပါးနှင့် မုန်ညင်းစိမ်း အလှည့်ကျ စိုက်ပျိုးနည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး လယ်မြေ အသုံးပြုနှုန်းကို တိုးမြှင့်နေသည်။ ဤသို့ဖြင့် လယ်သမားများ၏ ဝင်ငွေ တိုးလာစေပြီး ကျေးလက်တောရွာ ရှင်သန်ရေးကို တိုးမြှင့်နေပါသည်။