တရုတ် မောင်းသူမဲ့ ကုန်တင်ကားများသည် ထိုင်းနိုင်ငံ၏ ခေတ်မီ ဆိပ်ကမ်း တည်ဆောက်မှုကို အထောက်အကူ ပြုနေ

(GMT+08:00)2022-10-24 11:38:01  

    မကြာမီက ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ရန်ဇာ ဆိပ်ကမ်းတွင် ဒုတိယ အသုတ် တရုတ်ပြည်ထုတ် မောင်းသူမဲ့ ကုန်တင်ကား အစီး ၂၀ ရောက်ရှိခဲ့ပြီး မကြာမီတွင် အသုံးပြုမည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရန်ဇာဆိပ်ကမ်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေး ဗဟိုဇုန်၌ တည်ရှိပြီး ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်သေတ္တာ ပင်လယ်ရေနက်ဆိပ်ကမ်းနှင့် ကုန်စည်စီးဆင်းမှု ဗဟို ချက်မ နေရာ ဖြစ်သည်။ အထက်ပါ မောင်းသူမဲ့ ကုန်တင်ကားများ၏ ခေါင်းပိုင်းနေရာတွင် Lego Modular တပ်ဆင်ထားသည်ဟု သိရပါသည်။